မြစ်ကြီးနားမြို့၊ ခေမာသီဝံစာသင်တိုက်တွင် ဘဒ္ဒန္တစန္ဒာ ဝရာဘိဝံသ၏ ” အဘိဓဇမဟာရဠဂုရု” ဘွဲ့တံဆိပ်တော်ရ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနား၊ မုတ်သုံးဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် စျေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားများ သို့တက်ရောက်

မြစ်ကြီးနား၊ မေလ ၂၅ ရက်

(၂၅.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉၀၀)အချိန် မြစ်ကြီးနားမြို့၊ ခေမာသီဝံစာသင်တိုက်တွင် ဘဒ္ဒန္တစန္ဒာ ဝရာဘိဝံသ၏ ” အဘိဓဇမဟာရဠဂုရု” ဘွဲ့တံဆိပ်တော်ရ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊   ညနေ(၁၇၀၀)အချိန်တွင်  မုတ်သုံးဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် စျေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့်  ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင် များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)