မြစ်ကြီးနား၊ ဇွန် ၅ ရက်

(၅.၆.၂၀၂၆)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မုတ်သုံးဦး၊ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
