မြစ်ကြီးနား၊ အောက်တိုဘာ ၂၄

(၂၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ နန်းကွေ့နယ်မြေ(၆)ရှိ မနောမြေ ပညာရေးစင်တာတွင် ကျင်းပပြုလုပ်သည့် အကြီးကိုကိုစာကြည့်တိုက်(၁၆) ဖွင့်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
