မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင် ကျင်းပပြုလုပ်သည့် နန်းကွေ့ကျေးရွာချင်းဆက် ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာ ၃ ရက်

၃.၁၁.၂၀၂၅ ရက်နေ့ ၀၉၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင် ကျင်းပပြုလုပ်သည့် နန်းကွေ့ကျေးရွာချင်းဆက် ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)