မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ မြေမြင့် ဗုဒ္ဓသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာ ၃၁

(၃၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ မြေမြင့် ဗုဒ္ဓသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)