မြစ်ကြီးနား၊ အောက်တိုဘာလ ၁၉ ရက်

(၁၉.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်(၀၁:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံးသုံးအဆင့်မြင့် လူနာကုတင်ပေးအပ်ခြင်း အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
