မြစ်ကြီးနား၊ မေ ၃၀ ရက်

(၃၀.၅.၂၀၂၆)ရက်နေ့ နံနက်(၀၇၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် စေတီတော် ပရိဝုဏ်တွင် ပြုလုပ်သည့် မဟာသမအခါတော်နေ့ အခမ်းအနားနှင့် ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးတို့ ဦးဆောင်၍ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး ကြီးကြပ်မှုအောက်ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေအရာရှိများမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။
(သတင်းစဉ်)
