မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ကွင်းအမှတ် ၉/၅ ခ တွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းဆီထွက်သီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂ ရက်

၂.၁၂.၂၀၂၅ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ကွင်းအမှတ် ၉/၅ ခ တွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းဆီထွက်သီးနှံမျိုးစေ့များ ချီးမြှင့် ပေးအပ်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)