မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာ ၁၅

(၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၆:၀၀)အချိန်တွင် မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day ) အထိမ်းအမှတ်အခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)