နေပြည်တော် မတ် ၅

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ : ၀၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်သန္တာလေးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရသည့် အကြောင်းအရင်းကိုရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက မြန်မာနိုင်ငံ စာရင်းကောင်းစီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သော အကြောင်း အရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအား လက်ရှိအခြေအနေများနှင့် လိုက်လျော ညီထွေမှုူရှိစေရေးအတွက် မြန်မာနိုင်ငံစာရင်းကောင်းစီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းစဉ်
