မြန်မာဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

မန္တလေး၊ ဇွန် ၁၇

 

မြန်မာဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ်က  အဖွင့်အမှာစကားပြောက​ြားခြင်း

မြန်မာဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေအရာရှိက  (MLIS)  အသုံးပြုပုံများ၊ Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း

 

          မြန်မာဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအောင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကိုရီးယားသမ္မတနိုင်ငံ Ministry of Government Legislation နှင့် KOICA တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) Website စတင်လွှင့်တင်ခြင်းအခမ်းအနာကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ website တွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြည်ထောင်စုဥပဒေများ၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဥပဒေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဥပဒေများ၊ ပြည်ထောင်စု တစ်ဆင့်ခံဥပဒေများ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ဆင့်ခံဥပေဒများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတစ်ဆင့်ခံဥပဒေများ၊ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များ၊ စီရင်ထုံးများကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ဥပဒေအရာရှိများ၊ ပြည်သူများ အနေဖြင့် ဥပဒေများကို လွယ်လင့်တကူ ရှာဖွေလေ့လာဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။

          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ခရိုင် ဥပဒေအရာရှိများနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ဥပဒေအရာရှိများ စုစုပေါင်း (၄၅) ဦး တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးဒယ်နီရယ်ကြည်က မြန်မာဥပဒေ သတင်းအချက်အလက်စနစ် Myanmar Law Information System (MLIS) အသုံးပြုပုံ များကို Power Point၊ စအုပ်များ၊ လက်ကမ်းစာစောင်များဖြင့် အကျယ်တဝင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဥပဒေအရာရှိများက (MLIS) အသုံးပြုပုံ များနှင့် သိရှိလိုသည့် မေးမြန်းမှုများကို တိုင်းဒေသကြီး ဥပဒေအရာရှိမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)