ပုသိမ်၊ ဇွန် ၆



မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထုတ်လွှင့်ခြင်းနှင့် မျှတသောတရားစီရင်ရေး ဆိုင်ရာစံနှုန်းများ လက်စွဲစာအုပ်မိတ်ဆက်ခြင်း တို့အတွက်ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကို ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် (၁၆.၆.၂၀၁၈) စနေနေ့ နံနက် (၉:၀၀)နာရီအချိန်တွင်ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
တိုင်းဒေသကြီးဥပဒေအရာရှိက မြန်မာဥပဒေသတင်းအချက်အလက်စနစ် MILS စတင်ထုတ်လွှင့်ခြင်းအခမ်းအနားအား နေပြည်တော် (Hilton Hotel) တွင် မေလ(၂၄) ရက်နေ့က ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် အမှူးပြု၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ကိုရီယားသမ္မတနိုင်ငံ ဥပဒေပြုရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်၍ (KOICA)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြောင်း၊ မြန်မာဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ဖွင့်လှစ်ခြင်းမှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ မှတ်တိုင်တစ်ခုဖြစ်ကြောင်းနှင့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် ထူထောင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် (KOICA)တို့ ၂၀၁၂ ခုနှစ်မှစ၍ (MOU) လက်မှတ် ရေးထိုး ဆောင်ရွက်ထားကြပြီး ယခုအခါ အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး ထုတ်လွှင့် နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် မေလ(၂၅) ရက်နေ့က မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခဲ့ပြီး၍ ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြား၍ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ လက်စွဲ စာအုပ်ဖြစ်မြောက်ရေးအတွက် (UNDP) နှင့် (IDLO) တို့က ပံ့ပိုးကူညီခဲ့ကြောင်းနှင့် မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများအား အကျယ်တဝင့် ရှင်းလင်းခဲ့ကြောင်း ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
