မော်လမြိုင်၊ နိုဝင်ဘာလ ၁၃ ရက်

၁၃-၁၁-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတိ္တ ဓမ္မဗိမာန်တော်ကြီး၌ မွန်ပြည်နယ်အစိုးရအဖွဲ့က ကျင်းပပြုလုပ်သော ၁၄ ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
