” ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း၊ ရေကြီးနစ် မြုပ်ပျက်စီးခြင်း ” အတွက် လျော်ကြေးပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်

ဘားအံ၊ နိုဝင်ဘာလ ၂၆ ရက်

၂၆.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ မြန်မာ့ အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှ ” ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း၊ ရေကြီးနစ်မြုပ်ပျက်စီးခြင်း ” အတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)