ရိုးရာကောက်သစ်စားပွဲတော်သို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာလ ၃၀ ရက်

(၃၀.၁၁.၂၀၂၄) ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အစိုးရအဖွဲ့ရုံးရှေ့တွင် ကျင်းပ ပြုလုပ်သော ရိုးရာကောက်သစ်စားပွဲတော်သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)