မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်

(၂၉.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မေခခန်းမ၌ ကျင်းပပြုလုပ်သည့် ရေကာတာနှင့် ရေတားတမံ တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲနှင့် ကချင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ် ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး နှင့် ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
