ရေနံချောင်းတက္ကသိုလ်တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြိုလေ့ကျင့်ပွဲသို့ တက်ရောက်

မကွေး၊ ဇန်နဝါရီလ ၁၅ ရက်

၁၅-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ်တွင် ကျင်ပလျက်ရှိသည့် တတိယ အကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြိုလေ့ကျင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေနံချောင်း တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် သဟာယအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)