ဘားအံ၊ အောက်တိုဘာ ၇ ရက်

(၇.၁၀.၂၀၁၉)ရက်နေ့ နံနက်(၇:၀၀)အချိန် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ဘားအံမြို့ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ (၇၂)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်လောင်းလှူပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေချုပ်ရုံးမှဝန်ထမ်းများ တက်ရောက်လောင်းလှူခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗုဒ္ဓဘာသာနွယ်ဝင်စေတနာရှင်ပြည်သူများ တက်ရောက်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
