ရှမ်းစုရပ်ကွက်၊ ဓမ္မရိက္ခိတဝန်းသိုကျောင်းတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ် ၂

(၂.၃.၂၀၂၆)ရက်နေ့ နံနက်(၁၁၀၀)အချိန်တွင် ရှမ်းစုရပ်ကွက်၊ ဓမ္မရိက္ခိတဝန်းသိုကျောင်းတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)