ရှေ့ပြေးဥပ‌ဒေရုံးများ စီမံခန့်ခွဲရေးအဖွဲ့နှင့် ရှေ့ပြေးဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁ ရက်

ရှေ့ပြေးဥပဒေရုံးများ စီမံခန့်ခွဲရေးအဖွဲ့နှင့် ရှေ့ပြေးဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဥပဒေရေးရာဝန်ကြီး ဌာန၊ နေပြည်တော်၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ၁-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ရှေ့ပြေးဥပဒေရုံးများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် ရှေ့ပြေးဥပဒေရုံးများစီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် တရားစွဲနှင့်အမှုလိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ ရှေ့ပြေးဥပဒေရုံးများကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဝန်ကြီးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်တင့်တင့်ဟန်၊ ရှေ့ပြေးဥပဒေရုံးများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့်  ရှေ့ပြေးဥပဒေရုံးများ စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးနှင့် ရှေ့ပြေးဥပဒေရုံးများစီမံ ခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဌာနခွဲညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးမဟာ ဗျူဟာ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနစိတ်မှ ဥပဒေအရာရှိများ တက်ရောက်ကြပြီး၊ ရှေ့ပြေး ဥပဒေရုံးများအား ကြီးကြပ်ရသည့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးအသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ဒုတိယတိုင်းဒေသကြီး/ ဒုတိယပြည်နယ်ဥပဒေအရာရှိ များ၊  ရှေ့ပြေးဥပဒေရုံး (၂၈) ရုံးမှ  တာဝန်ခံ ဥပဒေအရာရှိများ Zoom Meeting ဖြင့် စုစုပေါင်း (၆၁)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) အရ ၂၀၁၆ ခုနှစ် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID ၊ PRLM တို့ပူးပေါင်း၍ ပြင်ဦးလွင်ခရိုင်ဥပဒေရုံး၊ ချမ်းအေးသာစံမြို့နယ်ဥပဒေရုံး၊ မော်လမြိုင်မြို့နယ်ဥပဒေရုံးတို့ကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်တည်ထောင်ဆောင်ရွက်ခဲ့ပြီး ရှေ့ပြေးဥပဒေရုံး အစီအစဉ်လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၅-၁၂-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၁၅၈ (၁)/ ၈/ သမ္မတရုံးစာဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံးထံ လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် ပံ့ပိုးကူညီခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံး၊ ပုသိမ် ခရိုင်ဥပဒေရုံး၊ တောင်ကြီးခရိုင်ဥပဒေရုံး၊ မော်လမြိုင်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင်ဥပဒေရုံး တို့ကိုလည်းကောင်း၊ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) အရ ၂၀၂၀ ပြည့်နှစ်တွင် ခရိုင်ဥပဒေရုံး (၁၀) ရုံးဖြစ်သည့် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ပြည်ခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဖျာပုံခရိုင်၊ မြစ်ကြီးနားခရိုင်၊ သထုံခရိုင်နှင့် လားရှိုးခရိုင်တို့ကိုလည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) အရ ၂၀၂၅ ခုနှစ်တွင် ပဲခူးခရိုင် ဥပဒေရုံး၊ မကွေးခရိုင်ဥပဒေရုံး၊ မဟာအောင်မြေခရိုင်ဥပဒေရုံး၊ ကျိုက်ထိုခရိုင်ဥပဒေရုံး၊ အလုံခရိုင် ဥပဒေရုံး၊ ပြည်မြို့နယ်ဥပဒေရုံး၊ မဟာအောင်မြေမြို့နယ်ဥပဒေရုံး၊ အောင်မြေသာစံမြို့နယ် ဥပဒေရုံး၊ သထုံမြို့နယ်ဥပဒေရုံးနှင့် ကမာရွတ်မြို့နယ်ဥပဒေရုံးတို့ကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်း ခဲ့ရာ ရှေ့ပြေးဥပဒေရုံး စုစုပေါင်း (၂၈) ရုံး သတ်မှတ်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဥပဒေရုံးများတွင် မှုခင်းစီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်စေဖို့ရည်ရွယ်၍ ရှေ့ပြေးဥပဒေရုံး များတည်ထောင်ဆောင်ရွက်ခြင်းဖြစ်ပြီး ရှေ့ပြေးဥပဒေရုံး၏ အင်္ဂါရပ်နှင့်အညီ ရုံးခန်းဖွဲ့စည်းခြင်း၊ ဖိုင်တွဲ၊ အမှုတွဲသိမ်းဆည်းခြင်း၊ ဝင်စာလက်ခံမည့်နေရာသတ်မှတ်ခြင်း၊ သက်သေများကို တရားခွင် အကြိုတွေ့ဆုံမေးမြန်းခြင်း၊ ဥပဒေရုံးများ၏အကြံပေးများ၊ ပြီးပြတ်ချက်များ၊ မှတ်ပုံတင်ရေးသွင်း ခြင်းများ၊ မှတ်တမ်းတင်ခြင်းများ စသည်တို့ကို Manual စနစ်မှ Automatic စနစ်သို့ ကူးပြောင်း နိုင်ရန် ဆောင်ရွက်ခြင်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများမှ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရှိရပါသည်။

ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) ပန်းတိုင်၃၊ ရည်မှန်း ချက် ၃၊၂။ ရှေ့ပြေးဥပဒေရုံးများ တိုးချဲ့တည်ထောင်ခြင်းနှင့် ခေတ်နှင့်လျော်ညီသည့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် ရည်မှန်းထားပြီး ထိုရည်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တရားခွင်အကြိုတွေ့ဆုံမေးမြန်းခြင်းကို ယခင်က ရှေ့ပြေးဥပဒေရုံးများတွင်သာ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ထိုအစီအစဉ်ကို ခရိုင်နှင့် မြို့နယ်ဥပဒေရုံးအားလုံးတွင် တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရှေ့ပြေးဥပဒေရုံးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက အလေးထားကြီးကြပ်ရန်လိုအပ် ကြောင်း၊ ရှေ့ပြေးဥပဒေရုံးများအတွက် လိုအပ်သောခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများက စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရပါသည်။

မူလရှေ့ပြေးဥပဒေရုံးများနှင့် အသစ်တိုးချဲ့ခဲ့သည့် ရှေ့ပြေးဥပဒေရုံးများ စုစုပေါင်း ရှေ့ပြေးဥပဒေရုံး (၂၈) ရုံးနှင့်တကွ ခရိုင်နှင့်မြို့နယ် ဥပဒေရုံးများအားလုံးတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ရန်၊ သက်သေများကို တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းနှင့်စပ်လျဉ်း၍ သင်တန်းတက်ရောက်ပြီးသူ ဥပဒေအရာရှိများက အသိပညာ မျှဝေခြင်း၊  ရှေ့ပြေးဥပဒေရုံးအချင်းချင်း အပြန်အလှန် အမြင်ဖလှယ်ခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းပြုကြရန်၊ အလုပ်လွှဲပြောင်းလက်ခံပြုကြသည့်အခါ ဆက်ခံသူအရာရှိအား ရှေ့ပြေး ဥပဒေရုံးကိစ္စကိုပါ အသိပေးလွှဲပြောင်းကြရန် တရားခွင်အကြိုတွေ့ဆုံမေးမြန်းမှုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ထားသောအခြေခံမူ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်မှာကြားပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ရှေ့ပြေးဥပဒေရုံးများတွင် ကြုံတွေ့ရသော အခက်အခဲတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းကာ နေ့လည် (၁၂း၃၀) အချိန်တွင် အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်