မော်လမြိုင်၊ နိုဝင်ဘာ ၁၂





မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် ၁၀-၁၁-၂၀၁၈ ရက်နေ့ နံနက် (၉)နာရီအချိန်က လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေနှင့် ဥပဒေအရာရှိကျင့်ဝတ်နှင့် တရားမျှတမှုဆိုင်ရာစံနှုန်းများ စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အတွင်းရှိ ခရိုင်(၂)ခရိုင်နှင့် မြို့နယ်(၁၀)မြို့နယ်မှ ဥပဒေအရာရှိများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားပထမပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ဒုတိယပိုင်းတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ ဥပဒေအရာရှိကျင့်ဝတ်နှင့် တရားမျှတမှုဆိုင်ရာစံနှုန်းများရေးဖြေ၊ လူတွေ့နှုတ်ဖြေစာမေးပွဲတွင် ဆုရရှသူများမှာ ပူးတွဲပထမဆုကို မော်လမြိုင်ခရိုင်၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်တင်ဇာထွန်းနှင့် ပြည်နယ်ဥဒေချုပ်ရုံး ဦးစီးအရာရှိ ဒေါ်နွေးယုဝေ၊ ဦးစီးအရာရှိ ဦးနေလင်းသူ၊ တတိယဆုကို မော်လမြိုင်ခရိုင်၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးကျော်ဇင်ဝင်း တို့က အသီးသီးရရှိပြီး ဆုရသူများအား မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့မှ Dennis Martin လက်ပတ်နာရီတစ်လုံးစီ ဆုချခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
