လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေး၊ ဩဂုတ် ၇ ရက်

မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက ၁၂-၈-၂၀၂၄     ရက်နေ့ နေ့လယ်  ၂း၀၀ နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ပါမောက္ခ ဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီး တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် လစဉ်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)