လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကား ဝိုင်း (Public Talk) အခမ်းအနားတက်ရောက်

ကော့ကရိတ်၊ ဇွန် ၂၁ ရက်


(၂၁.၆.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန် ကော့ကရိတ်မြို့၊ အမှတ်(၁)အခြေခံ အထက်တန်း ကျောင်း၊ သီရိရတနာခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကား ဝိုင်း (Public Talk) အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ပတ္တမြားကိုကိုမှ ပါဝင်ဟောပြောခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)