လူမျိုးပြုန်းတီးမှုတားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ ဒီဇင်ဘာ ၃ ရက်

(၃.၁၂.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ဘားအံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူမျိုးပြုန်းတီးမှုတားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင်  ဘားအံမြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ဧကရီဘိုလေး တက်ရောက်ဟောပြောခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)