ဘားအံ၊ ဩဂုတ် ၂၆ ရက်

(၂၆.၈.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်သင်ဆရာ/ဆရာမများ၊ အောင်ချက်ရာနှုန်းကောင်း မြို့နယ်နှင့်ကျောင်းများ၊ လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ လူရည်ချွန်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
