မုံရွာ၊ နိုဝင်ဘာလ ၁ ရက်

၁-၁၁-၂၀၂၃ ရက်နေ့ ၊ စစ်ကိုင်းမြို့ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ် (၆/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
