မုံရွာ၊ ဇန်နဝါရီလ ၄ ရက်

၄-၁-၂၀၂၄ ရက်နေ့ ၊ နံနက်ပိုင်း ၊ မုံရွာမြို့ ၊ ကန်သာယာလွတ်လပ်ရေးကျွန်း၌ ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား နှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
