ဘားအံ၊ ဇူလိုင် ၃၁ ရက်

(၃၁.၇.၂၀၁၈) ရက်နေ့ နံနက်(၆:၃၀)အချိန်တွင် ဘားအံမြို့၊ ဓမ္မပီယဘုန်းကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေ အရာရှိ ဦးရဲလွင် ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးတို့မှအရာရှိများ၊ ရုံးဝန်ထမ်းများ ပါဝင်ဆက်ကပ်လှူဒါန်းခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်မှအရာရှိများ၊ ဝန်ထမ်းများ၊ ကရင်ပြည်နယ်မြစ်ချောင်းဖွံ့ဖြိုးရေးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရှိခဲ့ပါသည်။
(သတင်းစဉ်)
