သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဧပြီလ ၇ ရက်

၇.၄.၂၀၂၃ရက်နေ့ ၀၉:၀၀အချိန် ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)စက်မှုဇုန်၊ သင်တန်းခန်းမဆောင်တွင် ကျင်းပပြု လုပ်သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ) ၏ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၃)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၃)၊ မော်တော် ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ်(၁၂)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)