ဘားအံ၊ နိုဝင်ဘာလ ၂၀ ရက်

၂၀.၁၁.၂၀၂၃ ရက် နံနက် ၈:၀၀ အချိန် ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ကရင်ဇုန်)၏ ပံ့ပိုးမှု ဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း(၃)မျိုး ဆင်းပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
