သမဝါယမစာရင်းရေးစာရင်းကိုင် အသက် မွေးပညာသင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၁၇ ရက်

၁၇-၃-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က သမဝါယမစာရင်းရေးစာရင်းကိုင် အသက် မွေးပညာသင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း) ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအသီသီးမှ တာဝန်ရှိသူများ၊ သင်တန်း ကျောင်းမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ   တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)