မကွေး၊ အောက်တိုဘာ ၃၀ ရက်

၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက်(၉၀၀)နာရီအချိန်က သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အခြေခံကွန်ပျူတာ(အချိန်ပိုင်း)သင်တန်းဆင်းပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ အမျိုးအသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
