သရက် – မင်းလှ ကားလမ်း မိုင်တိုင်အမှတ်-၄၄/ ၃ စစ္စနို့လမ်းဆုံအနီးတွင် ဒေသခံပြည်သူများနှင့်အတူ ပိတောက် ပင်(၂၅၀)ပင်၊ တမာပင်(၂၅၀)ပင်နှင့် ကုက္ကိုပင်(၁၀၀)၊ စုစုပေါင်း(၆၀၀)ပင် တို့ကို စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

မကွေး၊ ဇူလိုင် ၁၁ ရက်

၁၁-၇-၂၀၂၅ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် သရက် – မင်းလှ ကားလမ်း မိုင်တိုင်အမှတ်-၄၄/ ၃ စစ္စနို့လမ်းဆုံအနီးတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ နှင့် ဗိုလ်မှူးကြီး ရွှေမြ (တပ်နယ်မှူး) တပ်နယ် (မလွန်)တို့ ဦးဆောင်လျက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှအရာထမ်း၊ အမှုထမ်းများ၊ မကွေးခရိုင်ဥပဒေရုံး နှင့် မကွေးမြို့နယ် ဥပဒေရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ မင်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မင်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ စစ္စနို့ကျေးရွာ၊ တောင်ဦးကျေးရွာ၊ ထန်းကိုင်းကျေးရွာ၊ ကုန်းကြီးကျေးရွာ နှင့် လယ်လှကျေးရွာတို့မှ ဒေသခံပြည်သူများ စုစုပေါင်း (၁၂၅၀)ဦးဖြင့် ပိတောက်ပင်(၂၅၀)ပင်၊ တမာပင်(၂၅၀)ပင်နှင့် ကုက္ကိုပင်(၁၀၀)၊ စုစုပေါင်း(၆၀၀)ပင် တို့ကို စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)