မြစ်ကြီးနား၊ မတ်လ ၁၃ ရက်

(၁၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၁၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ သာသနာ့ဗိမာန် တော်ကြီးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆပ်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်း နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဥပဒေရုံးများမှ အရာရှိများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
