မိုင်းဆတ်၊ နိုဝင်ဘာလ ၂၀ ရက်

၂၀-၁၁-၂၀၂၄ ရက်နေ့တွင် မိုင်းဆတ်မြို့၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတို့တွင် မိုင်းဆတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မိုင်းဆတ်ခရိုင်ဥပဒေရုံးနှင့် မိုင်းဆတ်မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သော သိမှတ်ဖွယ်ရာဥပဒေအကြောင်းသိကောင်းစရာများ ဟောပြောပွဲ အခမ်းအနားတွင် မိုင်းဆတ်ခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်းမှလည်းကောင်း၊ မိုင်းဆတ် မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းမှလည်းကောင်း တက်ရောက်ဟောပြော ခဲ့ပြီး၊ အဆိုပါသင်တန်းသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၅)ဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
