သံတောင်ကြီးမြို့နယ်ဥပဒေအရာရှိ ဦးထွန်းထွန်းဝင်းက သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

သံတောင်ကြီး၊ မေ ၂

 

သံတောင်ကြီးမြို့နယ်ဥပဒေအရာရှိ ဦးထွန်းထွန်းဝင်းသည် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၁၈) တွင် လောင်းကစားဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတို့အား (၂.၅.၂၀၁၈ မှ ၄.၅.၂၀၁၈) ရက်နေ့ထိ သင်ကြားဟောပြောခဲ့ပြီး အဆိုပါသင်တန်း သို့ သင်တန်းသားဦးရေ(    ၅၀  ) ဦးတက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)