ဘားအံ၊ ဇွန် ၄ ရက်

၄.၆.၂၀၂၁ ရက်နေ့တွင် နံနက် ၁၀:ဝဝနာရီခန့်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/ဝရိန်သင်တန်းဆင်းပွဲကို ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများ လက်တွေ့ဆောင်ရွက်ထား သော လက်ရာများအား ကြည့်ရှုအားပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
