ဟိုတယ်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ (အခြေခံ) သင်တန်း(၃)မျိုးဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာလ ၂၀ ရက်

၂၀.၁၀.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀အချိန် ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ကျင်းပပြု လုပ်သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လာရေးလုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (ကရင်ဇုန်)၏ ပံ့ပိုးမှုဖြင့်ဖွင့်လှစ်သော ဟိုတယ်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ (အခြေခံ) သင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)