ဘားအံ၊ စက်တင်ဘာ ၅ ရက်

၅.၉.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၊ နှစ်ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာ အထက်တန်း ကျောင်း(ဘားအံ)မှ ဖွင့်လှစ်သင်ကြားပေးမည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတို သင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း အပတ်စဉ် (၄/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
