မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃ ရက်

(၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၀၉၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၁) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေးတက်ရောက်ခဲ့ကြောင်း၊ (၁၀၃၀)အချိန် မြစ်ကြီးနားမြို့၊ အထွေထွေ ဆေးရုံကြီး၊ သွေးလှူဘဏ်ခန်းမတွင် အသင်းအဖွဲ့ပေါင်းစုံ သတ္တမအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များ နှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
