အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံနှင့် တက္ကသိုလ် ၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားတွင် ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား ကြည်ရှုအားပေး

မုံရွာ၊ နိုဝင်ဘာလ ၂၆ ရက်

၂၆-၁၁-၂၀၂၄ရက်နေ့၊ နေ့လည်(၂:၃၀)အချိန် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအားကစားကွင်း အတွင်း  ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံနှင့် တက္ကသိုလ် ၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်း အနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊  တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား ကြည်ရှုအားပေးခဲ့ကြပါသည်။

(သတင်းစဉ်)