မုံရွာ၊ ဒီဇင်ဘာလ ၂၆ ရက်

၂၆-၁၂-၂၀၂၄ ရက်နေ့ ၊ နံနက် (၈:၃၀) အချိန် ၊ မုံရွာမြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း (၅)ထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (အဋ္ဌမ)အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
