” အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ဘားအံ့၊ ဒီဇင်ဘာလ ၃ ရက်

၃.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)  နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ” အနာဂတ် မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” “ Amplifying the leadership of persons with disabilities for an inclusive and sustainable future “ ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလ(၃)ရက်နေ့တွင်  ကျရောက်သည့် ” အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ “ အထိမ်းအမှတ်အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)