အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်

ဘားအံ၊ မတ်လ ၈ ရက်

၈.၃.၂၀၂၃ ရက်နေ့ ၁၄:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အခမ်းအနားကို “ ကျား၊မ တန်းတူညီမျှဖို့ နည်းပညာ နဲ့ဆန်းသစ်စို့” ဆောင်ပုဒ်နှင့်အညီ အခမ်းအနားသို့ လည်းကောင်း၊ ၁၆:၀၀ အချိန် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ သပြေလမ်းနှင့်ချယ်ရီ(၄)လမ်းထိပ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည့် “ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း” ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)