ဇမ္ဗူသီရိ ဒီဇင်ဘာ ၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်အား နေပြည်တော်အမျိုးသမီးကော်မတီဝင်များနှင့် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးမှ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်ငုဝါလှိုင် က မြို့မစျေးဓမ္မာရုံတွင် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
