အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုချက်ပေးပို့နိုင်ကြောင်း အသိပေးကြေညာခြင်း

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ
အသိပေးကြေညာခြင်း

၁။ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီသည် အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် (မူကြမ်း) ရရှိရန် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ် ကျင်းပခဲ့ပြီး ရရှိလာသော လုပ်ငန်းစီမံချက်(မူကြမ်း)ကို ၁၇-၇-၂၀၂၀ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးက အတည်ပြုခဲ့ပါသည်။

၂။ ယင်းသို့အတည်ပြုခဲ့သည့် လုပ်ငန်းစီမံချက်(မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး Website – www.oag. gov.mm တွင် ဖော်ပြထားပါသည်။

၃။ လုပ်ငန်းစီမံချက်(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်များ ပေးပို့လိုပါက draftingnll@gmail.com သို့ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၂၀၃၅၄၇၃၊ ၀၆၇-၄၀၄၃၉၇ သို့ ဖြစ်စေ၊ ဒေါ်မိသန္တာမြင့် ညွှန်ကြားရေးမှူး ဥပဒေများစိစစ်အကြံပြုရေးဌာနခွဲ၊ ဥပဒေစိစစ်အကြံပြုရေး ဦးစီးဌာန၊ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအမှတ် (၂၅) သို့ဖြစ်စေ ၁၅-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပိုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/08/Draft-Work-plan-20-7-2020-3.pdf” download=” Download” ]

[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/08/Annex-1Time-frame-30-6-20-5.pdf” download=” Download” ]

[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/08/Annex-2-Diagram-30-6-20-5.pdf” download=” Download” ]

[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/08/Annex-3-sub-groups-30-6-20-4.pdf” download=” Download” ]