အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန်လ ၁၆ ရက်

၁၆-၆-၂၀၂၅ ရက်နေ့တွင် နံနက်(၉:၀၀)နာရီအချိန်က  မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) သင်တန်းဖွင့်ပွဲအခမ်းအနားသို့  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအား (မကွေးဇုန်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/ မိုတယ် တည်းခို ခန်းများမှ ဝန်ထမ်းသင်တန်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)