အသံမစဲမဟာဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ (ပဋ္ဌာန်းသိမ်း အောင်ပွဲ) အခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာလ ၁၉ ရက်

၁၉-၁၁-၂၀၂၃ ရက်နေ့ ၊ နံနက် ၇:၀၀ အချိန် ၊ မုံရွာမြို့ ၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သည့် အသံမစဲမဟာဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ (ပဋ္ဌာန်းသိမ်း အောင်ပွဲ) အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)