အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်၊ ဒီဇင်ဘာလ ၁၈ ရက်

၁၈-၁၂-၂၀၂၃ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ ကျက်သရေဆောင် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)