အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားတက်ရောက်

မုံရွာ၊ ဩဂုတ်လ ၁၅ ရက်

၁၅-၈-၂၀၂၄ ရက်နေ့ ၊ နေ့လယ် (၂) နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌  ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)